Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Friday, July 30, 2010

ထင်မှတ်ထားသလောက် ပုံပျက်မသွားတဲ့ ရန်ကုန်မြို့

လေဆိပ်ထဲက ထွက်လာတော့ အပြင်မှာ ပစ္စယ်းသယ်ချင်တဲ့သူတွေ တပုံတပင်ပါ။ အဲဒီအထဲမှာ ပင်စင်စား အသက်ကြီးကြီးတွေလဲ ပါတယ်။ ပင်စင်စားတစ်ယောက်ရဲ့ ပင်စင်လစာကို စဉ်းစားမိပြီးတော့ စိတ်ထဲမှာ အတော်မကောင်းဖြစ်ရပါတယ်။ ကိုယ်ကလဲ အိမ်ကနေ လူနှစ်ယောက်တောင်လာကြိုတာ၊ များများစားစားလဲ ဘာမှ ပါမသွားဆိုတော့ ကားနားလေးမှာ ကားပိတ်ပေးတဲ့လူကို လာကြိုတဲ့ သူငယ်ချင်းက ၅၀၀ ကျပ်ထုတ်ပေးလိုက်ပါ တယ်။ ၅၀ စင့် ဆိုပါတော့။

လေဆိပ်လမ်းဟာ ဟိုးတုံးကလိုပါပဲ။ စိမ်းလန်းစိုပြေလို့ပါ။ လမ်းတွေကလဲ ဖြောင့်ဖြောင့်ဖြူးဖြူးသာသာယာယာပါပဲ။ ထင်ထားသလောက် အခြေအနေမဆိုးပါလားလို့ တွေးမိတော့ အတော်စိတ်သက်သာရာရပါတယ်။ လေဆိပ်က အထွက်မနီးမဝေးမှာ ဈေးဝယ်စင်တာ အဆောက်အဦးကြီးကို တွေ့ရပါတယ်။ အဆောက်အဦးဟာ အတော်ကြီးပါ တယ်။ ဘန်ကောက်တို့၊ ကွာလာလမ်ပူတို့မှာ တွေ့ရတဲ့ ဈေးဝယ်စင်တာမျိုးလိုပါ။ လမ်းတွေမှာ သစ်ပင်တချို့ ဆုံးရှုံးသွားတာကို ကိုယ်ကပဲ မရောက်တာကြာလို့လား။ သို့တည်းမဟုတ် နောက်စိုက်တဲ့အပင်တွေကပဲ ကြီးလာလို့လား မသိ၊ နာဂစ်ဖျက်ဆီးထားတာကို မပြောပြရင် သိတောင် သိမှာ မဟုတ်ပါ။

No comments: