Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Friday, August 6, 2010

ဘတ်စ်ကားများ အခြေအနေကောင်းမွန်လာခြင်း

၁၉၈၇၊၈၈ လောက်က ကားရှားတဲ့ ပြဿနာကို မှတ်မိပါသေးတယ်။ ကျူရှင်က အိမ်ကိုပြန်ရင် မိန်းကလေးတန်မဲ့ နဲ့ မော်တော်ကားကို တွဲလောင်းခိုစီးမှ အိမ်ပြန်ရောက်ပါတယ်။ လစာ (၃၀၀) ကျပ်လောက် ရတဲ့အချိန်မှာ ကြားကားခ ၁၀ လောက်ပေးဘို့ အတော်စဉ်းစားရတဲ့အချိန်မို့ ကားကို တွယ်စီးခဲ့ရတာပါ။

အခုတော့ ရန်ကုန်မှာ ဘတ်စကားတွေ အဲဒီလောက် မခက်တော့ပါဘူး။ ကားခကလဲမထောင်းသာပေမဲ့ ခေတ်နဲ့ ယှဉ်တော့ အရင်ကလောက် အခြေအနေမဆိုးပါဘူး။ လက်ရှိအခြေခံလစာဟာ ၂၅၀၀၀ ကျပ်လောက်က စပါတယ်။ လူအများစုက ဝင်ငွေ ၃သောင်းနဲ့ ၅သောင်းကြား ရတဲ့အချိန်မှာ ရန်ကုန်မြို့ထဲကို အင်းစိန်ကနေ စီးရင် ဂိတ်ဆုံးအထိကို ၃၀၀ ကျပ် ပေးရပါတယ်။ အဲဒါက ထိုင်ခုံရဘို့ သေချာတဲ့ ကားတွေပါ။ ကားတွေပေါ်မှာလဲ အစစစည်းကမ်းရှိတာကို ကြည့်ခြင်းဖြင့် စီမံခန့်ခွဲမှုကောင်းတာကို တွေ့နိုင်ပါတယ်။ တိုးဝှေ့ပြီး စီးရတဲ့ ကားတွေကတော့ ၅၀ကျပ် ကနေ ၁၀၀ကျပ် အတွင်း ပေးရပါတယ်။ အကြမ်းဖျင်းပြောရရင် လွယ်ကူလာတယ် ဆိုပါစို့။ အခုလို ဘတ်စ်ကားလွယ်ကူလာလို့ တက်စီတွေလဲ ဈေးများများခေါ်ဘို့ မလွယ်တော့ပါဘူး။ တက်စီသမားတစ်ဦးကို မေးရာမှာ သူ့အနေနဲ့ တနေ့ကို မြန်မာငွေ ၁၅၀၀၀ ခန့် ကျန်ကြောင်း ပြောပါတယ်။

No comments: