Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Friday, August 6, 2010

ရိုးရာထုံးတမ်းစဉ်လာများ ကွယ်ပျောက်သွားသော မြန်မာလူနေမှုဘဝ

ရန်ကုန်မသွားခင် (၆)လလောက်က မှတ်တယ်။ ပြည်ပမီဒီယာ (မိဇိမ လို့ထင်တယ်) က ရန်ကုန်မြို့လယ်ခေါင် ဆယ်မြို့နယ်မှာ အနှိပ်ခန်းအယောင်ဆောင်ဖွင့်ထားတဲ့ ပြည့်တန်ဆာခန်း ၃ထောင် လောက်ရှိတယ်လို့ မျက်မြင်တွေကို အင်တာဗျူးပြီး သေသေချာချာကိုးကား ရေးထားတာတွေ့ရတော့ အတော်မျက်လုံးပြူးသွား ပါတယ်။

ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလ (၂၀၀၄) လောက်မှာ အိမ်ပွဲစားလုပ်စားနေတဲ့ ဗိုလ်မှုးဟောင်း တစ်ယောက်နဲ့ အတူ အိမ်ကြည့်ရအောင် လိုက်သွားဘူးပါတယ်။ လမ်းမှာ မြောက်ဒဂုံနား(တောင်ဥက္ကလာအစွန်)က တိုက်ခန်း တွေကို သူက လက်ညှိုးထိုးပြီး အဲဒီနေရာဟာ ငယ်ငယ်တို့ရွာ လို့ ခေါ်ကြောင်း ပြောတော့ ကိုယ်က မျက်စိလည် သွား လိုက်တာ။ သူက ငယ်ငယ်ဆိုတာ မယားငယ်ကို ခေါ်ကြောင်း၊ ထောက်လှမ်းရေးအရာရှိများ နဲ့ အလယ် အလတ်ချမ်းသာတဲ့ သူဌေးများက သူတို့ရဲ့ အငယ်အနှောင်းမိန်းကလေးများကို ဒီနေရာမှာ အိမ်ခန်းငှားပေးထား တာဖြစ်ကြောင်း ပြောမှ သဘောပေါက်ပါတော့တယ်။

ရန်ကုန်ကို သွားတော့ အဲဒီလောက်အထိ လိုက်လံကြည့်ရအောင် အချိန်မရပါဘူး။ ဒါပေမဲ့ အိမ်အနီးအနားမှာ ဖွင့်ထားတဲ့ တည်းခိုခန်းများကတော့ ကျောင်းသားအရွယ် ဆယ်ကျော်သက်များအတော် အသုံးပြုတာတွေ့ရ ပါတယ်။ ခေတ်တွေက ပြောင်းသွားပြီကိုး။ ခေတ်ပြောင်းတာနဲ့ ပါတ်သက်လို့ အိမ်ကို အလည်လာတဲ့ မိတ်ဆွေလင်မယားကတော့ ခုလိုပြောပါတယ်. ”ဟိုခေတ်ကတော့ လင်ကောင်မပေါ်ပဲ ကလေးမွေးတာ မရှိသလောက် ရှားပေမဲ့ ဒီခေတ်မှာ ကိုယ်ဝန်ဖျက်ချတာ မဆန်းသလို အိမ်ထောင်မရှိပဲ သန္ဓေတားဆေး သုံးတာကလဲ အမျိုးသမီးငယ်တော်တော် များများမှာ တွေ့ရတယ်”။

No comments: