Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Friday, November 18, 2011

ရဲရဲကြီးချစ်ပြလိုက်ပါ



မင်းဟာရှက်လှချီရဲ့ ဆိုပြီး
ခြေတလှမ်းနောက်ဆုတ်သွားတယ်
မင်းရဲ့ နောက်မှာမဲမှောင် နက်ရှိုင်းတဲ့
ဂျောက်ကမ်းပါးကြီးရှိတယ်ဆိုတာ
သတိမထားလိုက်မိဘူး

မင်းဟာချစ်လှချီရဲ့ ဆိုပြီး
ခြေတလှမ်းတိုးလိုက်တယ်
မင်းရဲ့ ရှေ့မှာသံစဉ်ပေါင်းစုံခုန်ပေါက်ထွက်နေတဲ့
မီးပင်လယ်ကြီးရှိတယ်ဆိုတာ
မင်းမသိလိုက်ဘူး

မိန်းကလေးရယ်
တကယ်တော့မင်းဟာ
ရှက်လို့ ချစ်လို့ မရလောက်အောင်
ပိတ်မိနေပြိလာကွယ်
မိန်ကလေး---မင်းရဲ့ နားနှစ်ဖတ်ကို
မင်းလက်ဖ၀ါးနုနုလေးတွေနဲ့ ပိတ်ပြီး
ခြေဖ၀ါးအိအိလေးတွေနဲ့ မီးပင်လယ်ကြီးကို
ဖြတ်ကျော်ပြီးရဲရဲကြီးချစ်ပြလိုက်ပါတော့---------

ကိုတင်ထွဋ်(ကနေဒါ)
ည၂နာရီ၂၃မိနစ် ၁၁/၁၁/၂၀၁၁

No comments: