Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Monday, November 1, 2010

ကြေငြာချက်

ဒုတိယပင်လုံညီလာခံခေါ်ယူရန်ထုတ်ပြန်ခဲ့သည့်၊ကလေးမြို.ကြေငြာစာတမ်းနှင့်ပါတ်သက်၍
ကနေဒါနိုင်ငံအခြေစိုက်မြန်မာ့ဒီမိုကရေစီအဖွဲ.အစည်းများ၏သဘောထားကြေငြာချက်


အောက်တိုဘာလ(၂၄)ရက်နေ.တွင်ကျရောက်သည့် ဇိုမီးအမျိုးသားကွန်ကရက်၏ (၂၂)နှစ်မြောက်အခန်းအနားတွင်အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်မှခေါင်းဆောင်များ၊တိုင်းရင်းသားခေါင်းဆောင်များ၊နိုငငံရေးအင်အားစုများမှခေါင်းဆောင်များနှင့်ဒီမိုကရေစီရရှိရေးလှုပ်ရှား
သူများပေါင်းစည်း၍ဒီမိုကရေစီနှင့်လူ.အခွင့်အရေးရရှိရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးတို.
အတွက်အရေးတကြီးလိုအပ်နေသည့်ဒုတိယပင်လုံညီလာခံကြီးခေါ်ယူကျင်းပသွားမည်ဖြစ်
ကြောင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်သော ကလေးမြို.ဆုံးဖြတ်ချက်ကြေငြာစာတမ်းအား
ကနေဒါအခြေစိုက်မြန်မာ့ဒီမိုကရေစီအဖွဲ.အစည်းများမှ အပြည့်အဝကြိုဆိုထောက်ခံပါသည်။
မြန်မာနိုင်ငံ၏လက်ရှိလူမှုရေး၊စီးပွားရေးနှင့်နိုင်ငံရေးပြဿနာများကိုဖြေရှင်းရေးအတွက်အဓိက
လိုအပ်ချက်သည်၊စစ်အာရှင်စံနစ်ဖျက်သိမ်းပြီး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစံနစ်တည်
ဆောက်ခြင်းဖြစ်ကြောင်းကနေဒနိုင်ငံအခြေစိုက်မြန်မာ့ဒီမိုကရေစီအဖွဲ.များကအလေးအနက်အ
လေးအနက်ယုံကြည်ပါသည်။
မြန်မာစစ်အစိုးရ၏မြန်မာပြည်သူလူထုကြီးတရပ်လုံး၏သဘောဆန္ဒကိုလုံးဝမျက်ကွယ်ပြုပြီးတရားမျှတမှုကင်းမဲ့စွာရေးဆွဲထားသည့် ၂၀၀၈-ခုဖွဲ.စည်းပုံအခြေခံဥပဒေနှင့်၂၀၁၀-ခုနိုဝင်ဘာလ
(၇)ရက်တွင်ကျင်းပမည့်ရွေးကောက်ပွဲတို.သည်မြန်မာနိုင်ငံ၏လက်ရှိပြဿနာများကိုလုံးဝဖြေ
ရှင်းပေးနိုင်မည်မဟုတ်ပါ၊အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်းအာမခံဖြည့်
ဆည်းပေးနိုင်မှုလည်းလုံးလုံးရှိမည်မဟုတ်ပါ၊ဒုတိယပင်လုံညီလာခံကြီးအတွက်လမ်းညွှန်ချက်
များကိုဖေါ်ပြထားသည်၊ကလေးမြို.ကြေငြညာစာတမ်းနှင့်အညီစစ်မှန်သောညီညွတ်ပေါင်းစည်း
မှုဖြင့်လူမျိုးစုံမြန်မာပြည်သူအားလုံးပါဝင်ဆောင်ရွက်ဖြင့်သာမြန်မာပြည်သူတရပ်လုံးလိုလား
သည်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုအောင်မြင်စွာတည်ဆောက်နိုင်မည်ဟုကနေဒါ
နိုင်ငံအခြေစိုက်မြန်မာ့ဒီမိုကရေစီအစည်းများမှယုံကြည်ပါသည်၊ထိုသို.ယုံကြည်သည့်အတိုင်း
အောက်တွင်ဖေါ်ပြပါကနေဒါအခြေစိုက်မြန်မာ့ဒီမိုကရေစီအဖွဲ.များအနေဖြင့်မြန်မာပြည်သူတ
ရပ်လုံးနှင့်အတူကျရာအခန်းမှအတက်ကြွဆုံးပူးပေါင်းပါဝင်လှုပ်ရှားသွားမည်ဖြစ်ကြောင်းထုတ်
ပြန်ကြေငြာလိုက်ပါသည်။
ဤကြေငြာညချက်တွင်သဘောတူပါဝင်သည့်အဖွဲ.အစည်းများ-


(1) Burma Watch International (Edmonton)
(2) Burmese Student Democratic Organization (Toronto, Vancouver)
(3) National League for Democracy (NLD LA Canada Branch)
(4) All Burma Muslim Union (Saskatoon)
(5) United Democratic Youth League (Canada Branch)
(6) Burmese Muslim Association (Toronto)
(7) International Foundation for Burma National Congress (Canada Branch )
၂၀၁၀-ခု၊အောက်တိုဘာလ(၂၉)ရက်
ဆက်သွယ်ရန်
ဦးသန်းအောင် : thanaung@shaw.ca
ဒေါ် သက်ထက်ထွန်း : tun.thetthet@gmail.com
ကိုမြသွင် : thwinmya@yahoo.ca
ဒေါ်မော်လီ : law4women@gmail.com
ဦးဝင်းမောင် : wmaung4@yahoo.com

No comments: