Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Sunday, April 21, 2013

င်္Facebook Revolution Started in Burma

မြန်မာနိုင်ငံတွင်လောလောဆယ်ကြုံတွေ့နေရတဲ့ဖေ့စ်ဘုတ်သုံးစွဲသူများအတွင်းမှအချို့သောစည်းကမ်းမလိုက်နာ
သူများကြောင့်မြန်မာပြည်သူများရဲ့အသိပညာတိုးတက်ရေးနှင့်ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးတိုးတက်ရေးကိုကြီးမား
စွာအဟန့်အတားဖြစ်နေကြောင်းသိရပါတယ်၊စည်းကမ်းသည်လူ့တန်ဖိုးဆိုတဲ့စကားအတိုင်းစည်းကမ်းလိုက်နာ
မှသာဒီမိုကရေစီရေးအပါအဝင်အရာရာအောင်မြင်နိုင်ပါတယ်၊မြန်မာလူမျိုးများဟာယဉ်ကျေးသောလူမျိုးအဖြစ်
ကမ္ဘာ့အလယ်မှာခေတ်အဆက်ဆက်ရပ်တည်ခဲ့ကြတယ်ဆိုတဲ့အစဉ်အလာကောင်းကိုယ္ခုရောက်ရှိနေတဲ့ဒီမိုက
ရေစီရေးကြိုးပမ်းနေကြတဲ့အချိန်မှာလည်းဆက်လက်ထိန်းသိမ်းရမည့်တာဝန်ကိုမမေ့မလျှော့ကြရန်အထူးတိုက်
တွန်းလိုပါတယ်၊မြန်မာပြည်တွင်းမှာဖြစ်စေ၊ပြည်ပနိုင်ငံများတွင်ဖြစ်စေ၊မည်သည့်နေရာရောက်ရှိ နေထိုင်နေထိုင်
မြန်မာလူထုအကျိုးကိုအစဉ်ဦးစားပေးတဲ့၊မြန်မာ့ဂုဏ်ကိုမြှင့်တင်ပေးသူများအဖြစ်ရပ်တည်နိုင်အောင်ကြိုးစား
ကြစေလိုပါတယ်။

ဖေ့စ်ဘုတ်သုံးစွဲသူအချို့၏စည်းကမ်းမလိုက်နာမှုများကိုစတင်ဖေါ်ထုတ်အရေးယူနိုင်ရေးအတွက်မြန်မာနိုင်ငံ
အတွင်းတွင်စတင်အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်းသိရှိနိုင်ရန်၊အောက်တွင်ဖေါ်ပြပါလင့်ကိုမျှဝေလိုက်
တယ်။
မြန်မာနှစ်သစ်မှာစိတ်သစ်လူသစ်ဖြင့်တိုင်းပြည်နှင့်လူမျိုးအတွက်စည်းကမ်းရှိစွာညီညွတ်စွာစုပေါင်းဆောင်
ရွက်နိုင်ကြစေရန်ဆန္ဒပြုလိုက်ပါတယ်။

မင်းကြီး (ဂျာမဏီ)
http://www.bbc.co.uk/burmese/burma/2013/04/130419_burmese_facebook_campaign.shtml

No comments: