Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Friday, July 12, 2013

BURMA and BUDDHISM

မင်္ဂလာပါ

ဗမာလူမျိုး၊ဗမာနိုင်ငံလို့ကြားရသူတိုင်းဟာဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူအများစုနေထိုင်ကြ
တဲ့နိုင်ငံလို့ကမ္ဘာ့နိုင်ငံအသီးသီးမှာနေထိုင်ကြတဲ့နိုင်ငံခြားသားအများကသိရှိကြပါတယ်၊အလားတူပင်
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြတဲ့ဗမာများကိုယ်တိုင်ကလဲ၊လူ့ဘဝကားအဖိုးတန်ရတနာတစ်ပါး ဖြစ်၏။
ထို့ကြောင့်ပင် မြတ်ဗုဒ္ဓက ခဲငါးပါး (ဒုလ္လဘငါးပါး) တရားကို ဟောတော်မူရာ၌မနုဿတ္တဘာဝေါ
ဒုလ္လဘော(လူ့ဘဝကိုရခဲ၏)ဟုဟောတော်မူခြင်းဖြစ်သည်ကိုခေတ်အဆက်ဆက်သိရှိလက်ခံကြပါ
တယ်။

ကျွန်တော်ဟာပြည်တွင်းမှာသာမကကမ္ဘာ့နိုင်ငံများတွင်ပါအလွန်ကျော်ကြားလူသိများလှတဲ့အင်္ဂလိပ်လူ
မျိုး Sir James George Scott (မြန်မာအမည်ရွှေရိုး) ရေးသားတဲ့ The Burman: His Life and Notions စာအုပ်ကိုမကြာခနဆိုသလိုဖတ်ရှုလေ့လာမိပါတယ်၊ဗမာ့ယဉ်ကျေးမှုဓလေံထုံးစံများကိုထိထိမိမိရေးသား
ချက်များကိုအံ့ဩလောက်အောင်တွေ့ရပါတယ်၊မြန်မာများအနေဖြင့်မိမိတို့ကိုယ်တိုင်ဒီစာအုပ်ကိုလေ့လာ
ဖတ်ရှုကြဖို့တိုက်တွန်းလိုပါတယ်။ရွှေရိုးရေးသားဖေါ်ပြချက်အများအပြားထဲကအောက်တွင်ဖေါ်ပြထားချက်ကို
ကနေဒါရောက်မြန်မာမိတ်ဆွေများဖတ်ရှုစေချင်တဲ့ဆန္ဒဖြင့်မူရင်းနှင့်မြန်မာဘာသာပြန်ဆိုချက်ကိုပါမျှဝေလိုက်
ပါတယ်။

-----ရွှေရိုးရဲမူရင်းအင်္ဂလိပ်လိုဖေါ်ပြထားချက်နှင့်မြန်မာလိုဘာသာပြန်ဆိုချက်------
“The best thing a Burmese can wish for good Englishman,the witty Shway Yoe wrote in 1882” is that in some future existence as reward of good work,he may be born a Buddhist and if possible a Burman.”

မိမိအတွက်ကောင်းကျိုးပြုစေတဲ့လုပ်ရပ်တခုခုကိုဆောင်ရွက်ပေးတဲ့အင်္ဂလိပ်လူမျိုးတယောက်ကိုဗမာ
တယောင်အနေဖြင့်ပေးနိုင်တဲ့အကောင်းဆုံးဆုတောင်းကတော့၊အဲဒီအင်္ဂလိပ်ဟာနောင်လာမဲ့ဘဝမှာ
ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူအဖြစ်မွေးဖွားလာပါစေ၊ဖြစ်နိုင်ရင်ဗမာလူမျိုးဖြစ်လာပါစေလို့ဆု
တောင်းခြင်းပါပဲလို့၁၈၈၂ခုနှစ်မှာရေးသားခဲ့ပါတယ်။


လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်အချိန်ကစတင်ထွန်းကားခဲ့တဲ့ဗုဒ္ဓဘာသာရဲ့အလွန်နှစ်လိုဘွယ်
ကောင်းလှပြီးယဉ်ကျေးသိန်မွေ့လှတဲ့အနှစ်သာရကိုယနေ့မြန်မာဗုဒ္ဓဘာသာဝင်အားလုံးကဆက်လက်
ထိန်းသိမ်းရမည့်တာဝန်ရှိတာကိုမမေ့ကြဖို့လိုပါတယ်၊လက်ရှိမြန်မာနိုင်ငံအတွင်းမှာဗုဒ္ဓဘာသာဝင်
များကြုံတွေ့နေရတဲ့ရှုပ်ထွေးခက်ခဲလှတဲ့အခက်အခဲပေါင်းစုံကိုကျော်လွှားနိုင်ပြီး။ဗုဒ္ဓဘာသာဆိုတာ
ကမ္ဘာ့အလယ်မှာလေးစားကြည်ညိုခံထိုက်တဲ့၊မေတ္တာဂရုဏာမုဒိတာဥပက္ခာဆိုတဲ့ကောင်းမြတ်တဲ့
မေတ္တာတရားမွေးမြူအောင်ဗုဒ္ဓဘာသာဝင်တိုင်းကိုသင်ကြားပေးတဲ့ဘာသာ၊ယ္ခုဘဝတွင်သာမကနောင်လာ
မဲ့ဘဝပေါင်းများစွာမှာပါသတ္တဝါအားလုံးကိုယ်ရောစိတ်ပါငြိမ်းချမ်းသာယာရေးအတွက်ဆောင်ကျဉ်းပေးနေတဲ့
ဘာသာဖြစ်ကြောင်းကိုဗုဒ္ဓဘာသာဝင်များသာမကအခြားသောဘာသာများကိုကိုးကွယ်ကြသူများပါ
သိမြင်လာအောင်ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ကြပါစို့လို့နှိုးဆောာ်ဆန္ဒပြုလိုက်ပါတယ်။

လူသားအားလုံးမေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပက္ခာဆိုတဲ့ဗြဟ္မဝိဟာရတရားနှလုံးသွင်းနိုင်ကြပြီးမေတ္တာစွမ်း
အားဖြင့်မှန်ကန်တည်ငြိမ်တဲ့ငြိမ်းချမ်းသာယာမှုကိုတည်ဆောက်ခံစားနိုင်ကြပါစေ-

ဦးသန်းအောင်
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၃ခုဇူလိုင်လ(၁၂)ရက်။